Latest News
-
ကိုဗစ်(၁၉)ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၃-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၃)၊ လူထု အခြေပြုဗဟိုဌာနရှေ့တွင် ပြည်သူများအား ကိုဗစ်-၁၉(အိုမီခရွန်)ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကိုဗစ် – ၁၉နှင့် ဗီဇပြောင်း (အိုမီခရွန်) ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မက်(စ်)များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၂) သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ ရပ်ကွက် (၁) တွင် ပြည်သူလူထုများအား ကိုဗစ် ၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံဆော်သြပြီး မက်(စ်)များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar_2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများနှင့်အတူပူးပေါင်း၍ (၁၁-၃-၂၀၂၂)ရက်နေ့တွင် နံနက် (၀၇:၀၀) နာရီမှ (၁၀:၀၀)နာရီအချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်ဈေး၌ မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #bgo_mar_2022 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသော လေပြင်းဘေးအန္တရာယ်နှင့် ပတ်သက်၍လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်း တစ်ခုဖြစ်စေ ရန်အတွက် အိုးအိမ်များ ပြင်ဆင်မွမ်းမံနိုင်ရန် (၁၀.၃.၂၀၂၂) ရက်နေ့ တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စုရှိ နေအိမ် (၁၀၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဝါး၊ ဓနိ စသည့် အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်မျိုးသူ၊ မီးသတ်ဦးစီးမှူး၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့၊ နောက်မီးကျေးရွာအုပ်စု၊ တကယ်သူလေးကျေးရွာ၌ (၇-၃-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (ဝါး-၂)လုံး၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀ဝ/-) စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂)အိမ်ထောင်စာတို့အား(၁၁-၃-၂၀၂၂) ရက် နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂ဝ၂၂) နေ့တွင် စစ်ကိုင်းမြို့၊ ပြည်ထောင်စုတိုင်းရင်သားလူမျိုးများဖွံဖြိုးရေးတက္ကသိုလ်တွင် ဆရာ/ဆရာမ (၁၂)ဦး၊ ကျောင်းသား/သူ (၁၅၀)ဦး စုစုပေါင်း(၁၆၂)ဦး တို့အား သဘာဝဘေးအန္တရယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းအား ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_mar_2022 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









