ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၃-၂၀၂၂) ရက်နေ့တွင် ကံကုန်းကျေးရွာအုပ်စုအတွင်းရှိ (ကံကုန်း၊ မြဦးအိုင်၊ ကံစု၊ လိန်ကုန်း၊ မောင်းထောင်စု၊ ဝက်စု၊ စံလင်းဒေါင့်နှင့် ဘဲကုန်း)ကျေးရွာတို့၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာများအား ဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များအား အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လေပြင်းဘေးဒဏ်ခံနိုင်ရေး နေအိမ်များအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_sgw … Read more

  • သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့ပေါ်ရှိ အထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များနှင့်ဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyn_mar2022 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိဝန်ထမ်းများသည် (၇-၃-၂၀၂၂) ရက်နေ့တွင် လှိုင်းဘွဲမြို့ပေါ်ရှိ အထက်တန်းကျောင်း၌ နေ့လည်(၁၂:၃၀)အချိန်မှ (၁:၃၀) အချိန်အထိ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်နှင့် ဗီနိုင်းများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_mar2022 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြန်မာရေလုပ်သားများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာ ရေလုပ်သား (၉) ဦးအား ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည်၊ တီရှပ်၊ တဘက်နှင့် ဆပ်ပြာတောင့်တို့အား (၆-၃-၂၀၂၂) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ygn_mar2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၀)ရပ်ကွက်၊ အပိုင်း(၂)၊ ပဲခူးမြစ်လမ်းသွယ် (၂)လမ်းနှင့် စွယ်တော် (၂)လမ်းတွင် (၅-၃-၂၀၂၂) ရက်နေ့၊ (၀၅း၁၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျူးကျော်အိမ်ခြေ (၃၁)လုံးမီးဘေး သင့်ခဲ့ပြီး၊ အိမ်ထောင်စု (၃၁) စုမှ လူဦးရေ (၁၃၁)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်လူဦးရေ (၁၃၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၇၅,၁၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၃၁)စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု (၁) … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လားရှိုးမြို့နယ်၊ ပန်ထိုလင်ယော်ကျေးရွာအုပ်စု၊ ခိုခမ်းကျေးရွာ လမ်း၌ (၅-၃-၂၀၂၂)ရက်နေ့ (၀၈း၃၀)နာရီအချိန်တွင် လက်ပစ်ဗုံးအဟောင်းတစ်လုံး ပေါက်ကွဲမှုဖြစ်စဉ် ကြောင့် သေဆုံးကလေး (၃)ဦးအတွက် (၁)ဦးလျှင်(၃၀၀,၀၀၀/-)နှုန်းဖြင့် (၃)ဦးအတွက်(၉၀၀,၀၀၀/-)၊ ဒဏ်ရာရ (၁၁)ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀/-) နှုန်းဖြင့် (၁၁)ဦးအတွက် (၅၅၀,၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၄၅၀,၀၀၀/-)ကျပ်တို့အား (၅-၃-၂၀၂၂)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ (ခရိုင်အုပ်ချုပ်ရေးမှူး)အဖွဲ့ဝင်များနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #shn_mar2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)