ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • အားကောင်းသော မုန်တိုင်းငယ်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၂) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်အရှိန်ကြောင့် သဘာဝဘေးအန္တရာယ်များအား အများပြည်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုများပြုလုပ်နိုင်ရန် မြိတ်မြို့နယ်အတွင်း သဘာဝဘေးလက်ကမ်းစာစောင်များကို ပြည်တော်သာလှေဆိပ်၊ ဆိပ်ငယ်ဘောတံတား၊ နောက်လယ်ဘောတံတားနှင့် အများပြည်သူပိုင်နေရာများတွင် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar_str #tny_mar2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၂၂) ရက်နေ့တွင်   သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  လားရှိုး-သိန္နီလမ်းတွင် ပြည်သူလူထုအား ကိုဗစ်- ၁၉ ရောဂါ၊ ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့်  လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိူင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_mar2022

  • မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၂၂)ရက်နေ့၌ နံနက်(၀၈:၀၀) နာရီမှ (၁၀:၀၀)နာရီအချိန်အထိ ပဲခူးမြို့နယ်၊ ပဲခူးမြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ဈေးများ၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_mar2022 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၂၂) ရက်နေ့တွင်   သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  မြို့မစျေးနှင့် ကြာဖြူလမ်းထောင့်တွင် ပြည်သူလူထုအား ကိုဗစ်-၁၉နှင့် ဗီဇပြောင်း(အိုမီခရွန်)ရောဂါနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များကို အသံချဲ့စက်ဖြင့်  လိုက်လံဆော်သြပြီး လက်ကမ်းစာစောင်များ၊ Mask များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လာရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_mar2022

  • မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၂၂) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်ခန့်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ကံကြီးပိုင်းလမ်းတွင်ဖြစ်ပွားခဲ့သော မီးဘေးမှအိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ တန်ဖိုးငွေ(၁၄၇,၁၀ဝ)ကျပ်နှင့် လူ(၁)ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၀) ခုတို့အား (၁၉-၃-၂၀၂၂) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_mar2022

  • မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူအား ထောက်ပံ့မှုသတင်း

    (၁၈-၃-၂၀၂၂)ရက်နေ့ (၁၃း၂၀)ချိန်တွင် သီပေါမြို့နယ်၊ ကျင်သီကျေးရွာအုပ်စု၊ ကြံခင်း(ရေပူ)ကျေးရွာနေထိုင်သော အမျိုးသားတစ်ဦးသည် ကြံစိုက်ခင်းသို့ ကြံကောက်သွားစဉ် မိုင်းနင်းမိ၍ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါဒဏ်ရာရရှိသူအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထောက်ပံ့ငွေ(၅၀၀၀၀ိ/-)အား (၁၈-၃-၂၀၂၂) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_mar_2022 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)