လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ချောင်းဝ ကျေးရွာအုပ်စု၊ ချောင်း၀ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေး ရွာသူ/ရွာသား ဦးရေ (၁၂၀) ကျော်အား ဦးစီးဌာန၏လုပ်ငန်း တာဝန်များ၊ ဆောင်ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများအား ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းများကို (၉-၇-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အတွင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ygn_jul_2022
Source: သန်လျင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)