ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၂၂) ရက်နေ့၊ နံနက် (၀၉း၃၀) အချိန်၌ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ အ.ထ.က (၂) ထားဝယ် အခြေခံပညာအထက် တန်းကျောင်းတွင် ကျောင်းသား/သူ (၁၀၀) ဦးတို့အား    Quick – Win Projesct တွင် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းများကို ပြုလုပ်ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jul2022 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇- ၂၀၂၂)ရက်နေ့ နံနက်(၀၉း၃၀)တွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ပိန်းတောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ သူ (၈၀) ဦးအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_july_2022 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ငပုတောမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ကျားကွင်းကျေးရွာတွင် (၁၂.၇.၂၀၂၂)နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးသွားသော(ဓနိမိုး/ ကာ၊ ပျဥ်ခင်း)နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၀၀၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၀၅၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၀၅၀ဝိ/-)ကျပ်အား (၁၄.၇.၂၀၂၂)ရက်နေ့ (၁၂း၅၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #aya_july_2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင် ကျေးရွာ၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ (အထက်ကဇင်းတော၊ ကုလားမချောင်)ရွာ နှင့် တောကျောင်းကျေးရွာအုပ်စု၊ (ကျောင်းတော် ကလေး၊ နံဂါတ်ရိုးနှင့် နံဂါတ်)ကျေးရွာတို့၌ (၁၂-၇-၂၀၂၂) ရက်မှ (၁၃-၇-၂၀၂၂)ရက်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့သည့် ဘာသာရေးကျောင်း (၁)ကျောင်းနှင့် နေအိမ် (၂၈)လုံး၊ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၁၃၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက် စာဖိုး … Read more

  • လေဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၇.၂၀၂၂)ရက်နေ့တွင် ပုလောမြို့နယ်၊ ပလမြို့၊ အမှတ်(၃)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး(၂,၁၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၂,၁၀၀ိ/-)ကျပ်၊ လေဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၆၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံးတို့အား ဘေးသင့်သူလက်ဝယ်အရောက် (၁၃.၇.၂၀၂၂)ရက်နေ့ (၁၅း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_july_2022 Source: ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၇.၂၀၂၂) ရက်နေ့တွင်  မြိတ်မြို့နယ်၊ ကဟန်း ကျေးရွာအုပ်စု၊ ကဟန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၉)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၈,၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၈,၉၀၀/-)ကျပ်၊ လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် (၄၆၀၃၆/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)ပုံး၊ အ.မ.က ကျောင်းသား(၁)ဦးနှင့် … Read more