လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၇.၂၀၂၂) ရက်နေ့တွင် မြိတ်မြို့နယ်၊ ကဟန်း ကျေးရွာအုပ်စု၊ ကဟန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ (၉)ဦး အတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၈,၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၈,၉၀၀/-)ကျပ်၊ လေဘေးသင့်အိမ်ထောင်စု (၁) စုအတွက် (၄၆၀၃၆/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)ပုံး၊ အ.မ.က ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ (၁)ဦး အတွက် ကျောင်းဝတ်စုံ ကျား/မ (၂)စုံ တို့အား မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့မှ အဖွဲ့ဝင်နှင့်အတူ (၁၃.၇.၂၀၂၂) ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ha_sgw
#tny_jul_2022
Source: သန်လျင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)