လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင် ကျေးရွာ၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ (အထက်ကဇင်းတော၊ ကုလားမချောင်)ရွာ နှင့် တောကျောင်းကျေးရွာအုပ်စု၊ (ကျောင်းတော် ကလေး၊ နံဂါတ်ရိုးနှင့် နံဂါတ်)ကျေးရွာတို့၌ (၁၂-၇-၂၀၂၂) ရက်မှ (၁၃-၇-၂၀၂၂)ရက်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့သည့် ဘာသာရေးကျောင်း (၁)ကျောင်းနှင့် နေအိမ် (၂၈)လုံး၊ အိမ်ထောင်စု (၂၈)စုမှ လူဦးရေ (၁၃၁) ဦးအတွက် ဆန်ရိက္ခာ (၇)ရက် စာဖိုး ရန်ပုံငွေ(၂၇၅,၁၀ဝ/-)၊ အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၂,၉၀၀,၀၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃,၁၇၅,၁၀ဝ/-) နှင့် ကာဘော်လိပ်ဆပ်ပြာ (၂၉) တောင့်တို့အား (၁၃-၇-၂၀၂၂)ရက်နေ့၊ (၁၃:၃၀)၊ (၁၄:၃၀)၊ (၁၅:၃၀) နာရီအချိန်တို့တွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul_2022
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)