လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၇-၂၀၂၂) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ (၁၁း၀၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် အ.ထ.က (ကျိုက်က္ကော်)ရှိ ကျောင်းသား/သူ အင်အား(၁၀၀)ဦးခန့် အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_jul_2022
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)