Latest News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ဦးရေ(၁၅၀)ကျော်အား ဌာန၏လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံသို့ပေးအပ်ခြင်း စသည်တို့ကို (၂၂-၈-၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_august_2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ချောင်းသာမြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံးတို့အား (၁၉-၈-၂၀၂၂)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_aug2022 Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ချာပါချောင် ကျောင်းစုရပ်ကွက်၊ စိတ္တသုခလမ်း၌ နှစ်(၃၀)ခန့်ရှိ ကုက္ကိုပင် နေအိမ်ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ကျောက်ပြားခင်း၊ ပျဥ်ကာ၊ တစ်ထပ်နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈,၄၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၂) ရက်နေ့တွင် ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_aug2022 Source: … Read more
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူ များသည် (၁၇-၈-၂၀၂၂)ရက်နေ့၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တောင်တန်းကုန်းကျေးရွာအုပ်စု၊ မဏ္ဍပ်ကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် ရေငန်းစမ်းကျေးရွာတို့တွင် ရေဘေးဖြစ်ပွားခဲ့ရာ အဆိုပါရေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁,၆၅၀,၀၀ဝ/-)ကျပ်အားလည်းကောင်း ကံ့ကော်ကြောကျေးရွာတွင် ရေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်းနှင့် စုစုပေါင်းထောက်ပံ့ငွေ(၂,၄၆၂,၆၀ဝ/-)ကျပ်အားလည်းကောင်း ရွာဟောင်းကြီးအုပ်စု၊ ရွာဟောင်းကြီးကျေးရွာနှင့် စာရေးကွင်းကျေးရွာတို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ကာဘော်လိပ်ဆပ်ပြာများအား (၁၉-၈-၂၀၂၂)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်(၁၇-၈-၂၀၂၂) ရက်နေ့တွင် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ပုတ္တလုတ်ကျေးရွာတွင် အိမ်ထောင်စု(၄၀)၊ လူဦးရေ(၁၅၀)၊ မရမ်းဘေးကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာနှင့် အဝကောက်ကျေးရွာတို့တွင် အိမ်ထောင်စု(၆၀)၊ လူဦးရေ (၂၃၀)၊ ဝင်းကြီးကျေးရွာအိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ (၃၉၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာစုစုပေါင်းထောက်ပံ့ငွေ(၈၂၉၅၀ဝိ/-)ကျပ်အား (၁၈-၈-၂၀၂၂)ရက်နေ့တွင် တံတားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug_2022 Source: ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်)ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်ရွှေအိမ်ထောင်စုအား ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၂၂) ရက်နေ့(၁၂:၀၀)နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝ)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၉)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၈,၉၀၀)ကျပ်အား (၁၉-၈-၂၀၂၂) ရက်နေ့ (၁၁:၀၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #mon_aug2022









