ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်(၁၇-၈-၂၀၂၂) ရက်နေ့တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ အေးသာယာရပ်ကွက်၊ နယ်မြေ(၁၂)တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု (၁၀၇)စု၊ လူဦးရေ(၃၃၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်း‌ထောက်ပံ့‌ငွေ(၇၀၁၄၀ဝိ/-)ကျပ် တိတိအား (၁၈-၈-၂၀၂၂)ရက်နေ့တွင် သန်လျင်မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug_2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်   (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ  သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊  ကွမ်းမိုးဒိန်းရပ်ကွက်တွင် အိမ်ထောင်စု (၆)၊ လူဦးရေ (၃၇)၊ အမှတ် (၁၂)ရပ်ကွက်တွင် အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၉၂)ဦး၊ ပလူကျေးရွာအုပ်စု၊ပလူကျေးရွာတွင် အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၄၈)ဦး၊ ဘိုကလေးကျေးရွာအုပ်စု အိမ်ထောင်စု (၃၀)စု၊ လူဦးရေ (၇၀)ဦး၊ ကျုံကန်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာတွင် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ(၃၃)၊  စုစုပေါင်း အိမ်ထောင်စု … Read more

  • သစ်ပင်များပြိုလဲမှုကြောင့် ပျက်စီးဆုံးရှုံးအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊‌ အမှတ်(၁၄)ရပ်ကွက်၊ ဖိုးရာဇာလမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးသစ်ပင်များပြိုလဲမှုကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅,၇ဝဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝ)ကျပ်နှင့် ကယ်ဆယ်ပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၁၈-၈-၂၀၂၂) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_otr #ygn_aug2022

  • ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ပေါက်ကုန်းရပ်ကွက် ဟာဂျီမောင်ကျော်ယာယီကယ်ဆယ်ရေးစခန်းမှ အိမ်‌ထောင်စု(၃၀)စု၊ လူဦးရေ(၉၀)ဦးအားလည်းကောင်း၊ ရွှေမင်္ဂလာဓမ္မရုံယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၇၅)ဦးအားလည်းကောင်း၊ တောတိုက်ရပ်ကွက်၊ တောတိုက်ဓမ္မရုံယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၃၀)၊ လူဦးရေ(၁၀၀)ဦးအားလည်းကောင်း၊ သင်္ကန်းကျွန်ကြီးကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ဇရသ်ဆိုက်ယက်ဒ်ကာဒရီဂျာကာလီကျောင်းတော်ယာယီကယ်ဆယ်ရေးစခန်းမှ အိမ်ထောင်စု(၁၀၀)စု၊ လူဦးရေ(၆၁၀)ဦးအားလည်းကောင်း၊ စုစု‌ပေါင်းအိမ်‌ထောင်စု(၁၈၅)စု၊ လူဦးရေ(၈၇၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်းထောက်ပံ့‌ငွေ(၁၈၃၇၅၀ဝိ/-)အား (၁၈-၈-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း​ဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိရှိသူများသည် (၁၇-၈-၂၀၂၂) ရက်​နေ့တွင် ပုသိမ်မြို့နယ်၊ ​တောင်တန်းကုန်းအုပ်စု၊ မဏ္ဍပ်​ကျေးရွာ၊ ရှမ်း​တော​ကျေးရွာနှင့် ​ရေငန်စမ်း​ကျေးရွာရှိ ​ရေကြီးနစ်မြုပ်အိမ်​ခြေ(၁၈၅)လုံး၊ အိမ်​ထောင်စု(၁၈၅)စုမှ ​ဘေးသင့်လူဦး​ရေ(၇၆၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေကျပ်(၁,၆၁၀,၇၀ဝ)၊ အိမ်​ထောင်စု(၁၈၅)စုအတွက် ကာ​ဘော်လိပ်ဆပ်ပြာ(၁၈၅)​တောင့်၊ ​ရေသန့်​ဆေး(၄၀)kg (၁)ပုံး၊ ပြိုကျပျက်စီးအိမ်(၇)လုံးအတွက် ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ (၇)ပုံးနှင့် ရွာ​ဟောင်းကြီးအုပ်စု၊ ရွာ​ဟောင်း​ကျေးရွာနှင့် စာ​ရေး​ကျေးရွာတို့မှ ​ရေကြီးနစ်မြုပ်အိမ်​ခြေ(၁၂၀)လုံး၊ အိမ်​ထောင်စု(၁၂၀)စုမှ လူဦး​ရေ(၅၆၀)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေကျပ်(၁,၁၇၆,၀၀ဝ)တိတိတို့အား ခရိုင်/မြို့နယ် အုပ်ချုပ်​ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနများ ပူး​ပေါင်းပါဝင်​သောအဖွဲ့ဖြင့်(၁၈-၈-၂၀၂၂) ရက်​နေ့တွင် … Read more

  • လေပြင်းဘေးသင့်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူတို့အတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၆-၈-၂၀၂၂) ရက်နေ့(၂၃:၀၀)နာရီ အချိန်ခန့်၌ ပေါင်မြို့နယ်၊ အဟောက်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု နှင့် ကော့ကရင်ကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးနှင့်အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀)ကျပ်နှင့်လူဦးရေ(၂၉)ဦးတို့အတွက် (၇)ရက် စာဆန်ရိက္ခာဖိုးငွေ(၆၀,၉၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၃၀,၉၀၀) ကျပ်အား လည်းကောင်း၊ ပြိုကျပျက်စီး အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ တန်ဖိုးငွေစုစုပေါင်း (၄၉,၀၃၆)ကျပ်အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းပြီးရေများဝင်ရောက်ခဲ့မှုကြောင့် လယ်တဲများရှိ အိမ်ထောင်စု(၃၄)စုတို့မှ လူဦးရေ (၁၅၅)ဦးတို့ ဘေးသင့်ခဲ့ရာ သာယာချမ်းမြေ့ဘုန်း        ကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင်ပြောင်းရွှေနေထိုင်လျက်ရှိပြီး … Read more