မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌‌ရေးနှင့်ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာန၊‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်    တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ချာပါချောင် ကျောင်းစုရပ်ကွက်၊ စိတ္တသုခလမ်း၌ နှစ်(၃၀)ခန့်ရှိ ကုက္ကိုပင် နေအိမ်ပေါ်သို့ ပြိုလဲကျမှု ဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ကျောက်ပြားခင်း၊ ပျဥ်ကာ၊ တစ်ထပ်နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၈,၄၀ဝ/-)ကျပ်အား (၁၉-၈-၂၀၂၂) ရက်နေ့တွင် ဒလမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr

#ygn_aug2022

Source: ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events