ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ (ပေါက်ချောင်း၊ ကျောင်းတော်ကလေး၊ တောကျောင်း အထက်နှင့် နံဂါတ်ရိုး)ကျေးရွာတို့၌ (၁၉-၁၁-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု (၁၅)စုမှ လူဦးရေ (၅၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၅၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၂၃,၉၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၆၂၃,၉၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ(၁၅)တောင့်တို့အား(၂၁-၁၁-၂၀၂၂) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင်လည်းကောင်း၊ … Read more

  • မြောင်းမြမြို့နယ်၊ ကျေးရွာ(၃)ရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းရသည့် နေအိမ်များမှ ပြည်သူများသို့ ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၂)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာ၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် ဘွတ်တန်းကျေးရွာအုပ်စု၊ ရေချမ်းစုကျေးရွာတို့၌ ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ကြရသည့်နေအိမ်(၉)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်နှင့် အဆိုပါနေအိမ်များမှ ပြည်သူ (၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၉၂,၄၀၀/-)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၉၉၂,၄၀၀/-)ကျပ်အား (၂၁-၁၁-၂၀၂၂)ရက်နေ့၊ (၁၃:၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ha_rbe #ayy_nov, 2022 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀)နာရီအထိ ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၁၀၀)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးနှင့်ပတ်သက်၍ . သရုပ်ဖော်ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ၊ ငလျင်ဘေးအသိပညာပေး နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Quick- Win Programme)အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၂၂)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:ဝဝ)နာရီအထိ ကသာခရိုင်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မလိခခန်းမ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၄ဝဝ)ခန့်အား သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာများ ဆွေးနွေးဟောပြောခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်၍ သရုပ်ဖော်ပြသခြင်းနှင့် သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2022

  • သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) မှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ဦးရွှေရိုးလမ်းသွယ်အတွင်း (၁၁-၁၁-၂၀၂၂) ရက်နေ့၌ နေအိမ်ဘုရားစင်တွင် အမွှေးတိုင်မီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် လုံးဝပျက်စီးအိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂) အိမ်ထောင်စာတို့အား (၁၂-၁၁-၂၀၂၂) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သန်လျင်မြို့နယ်၊ … Read more

  • သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်​မြို့မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၀-၁၁-၂၀၂၂)ရက်နေ့ (၀၃း၄၅)နာရီအချိန်ခန့်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်​မြို့ တွင် အိပ်ယာ​ဘေးတွင် ဖယောင်းတိုင်မီးထွန်းပြီး အိပ်ခဲ့ရာမှတစ်ဆင့် မီး​လောင်မှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၈)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၆၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃၀)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၃၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၆၆၃၀၀၀/-)ကျပ်အားလည်းကောင်း၊ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၁၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၆၃၀၀၀/-) ကျပ်အား လည်းကောင်း ကယ်ဆယ်ရေးပစ္စည်း … Read more