ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန် ဆီဆိုင် မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန်ဆီဆိုင်၌(၁၉-၁-၂၀၂၃) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံး လူဦးရေ(၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)၊ ဒဏ်ရာရ လူဦးရေ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၁-၁-၂၀၂၃)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိပါ သည်။

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_fir

#ayy_jan2023

Sign Up

Upcoming Events