Latest News
-
ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန် ဆီဆိုင် မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ အနောက်လမ်းမတော်လမ်း၊ မြတ်မေတ္တာမွန်ဆီဆိုင်၌(၁၉-၁-၂၀၂၃) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံး လူဦးရေ(၃)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)၊ ဒဏ်ရာရ လူဦးရေ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၁-၁-၂၀၂၃)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိပါ သည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_jan2023
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ ကုန်းပြင်ကျေးရွာအုပ်စု၊ ကုန်းပြင်ကျေးရွာ၌(၂၀-၁-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ/-)၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂,၁၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၂,၁၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ တို့အား (၂၁-၁-၂၀၂၃)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #ayy_jan2023
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၂၃) ရက် နေ့ (၁၂:၁၀) အချိန်မှ (၁၃:၄၀)နာရီအချိန်အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၃)မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၀၀)ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_jan2023
-
မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲ မြို့နယ်၊ ချောင်းဝပိုင်းရပ်ကွက်(၂)လမ်း၌ (၁၈-၁-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု ကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၂,၁၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ(၂၀၂,၁၀ဝ/-)ကျပ်တို့အား (၁၉-၁-၂၀၂၃)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_jan2023
-
မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးစက်ရုံ မီးလောင်မှုူကြောင့် ဒဏ်ရာရလူနာများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့ဆေးရုံကြီးများမှ တာဝန်ရှိ သူများသည် မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ လိပ္ပုတ် ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမဘေးရှိ Grand Royal အရက်ချက်စက်ရုံ၌ (၁၃.၁.၂၀၂၃)ရက်နေ့ (၁၅:၃၀)အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်စဥ် ဒဏ်ရာရရှိ၍ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၁၇) ဦးအား (၁၄:၃၀) နာရီအချိန်တွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်သူ (၂)ဦးအား (၁၅:၄၀)နာရီအချိန်၊ (၁၄-၁-၂၀၂၃)ရက်နေ့တွင် ဒဏ်ရာရှိသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fir #ygn_jan_2023 … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်း၌ (၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၁း၂၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသဖြင့် သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း၊ မြေစိုက် (၁၀×၂၅)ပေ အရောင်းဆိုင် (၁)လုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၁၅×၄၀) ပေ (၁) ထပ်လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် … Read more









