Latest News
-
မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃/၁၄-၃-၂၀၂၃)ရက်နေ့တွင် မိုးရွာ သွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဖိုးရွှေမြကုန်းရှိ ပြိုကျပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုးပါ (၂)ပုံး၊ ကိုးဆူအုပ်စု၊ သဲဂရက်ကျေးရွာရှိ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀ဝ/-)ကျပ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီ ကျေးရွာရှိ ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံး၊ … Read more
-
လေဘေးသင့်ကျေးရွာများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၃-၃-၂၀၂၃) ရက်နေ့တွင် ကန်ကြီးထောင့်မြို့ နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်၊ သော်ကကုန်းကျေးရွာ၊ မြင်းကဆိပ်အုပ်စု၊ ဇီးဖြူချောင်ကျေးရွာ၊ ဝဲကြီး၊ ရွေးကျေးရွာတို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀ဝ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းတော် ကြီးကျောင်း/အိမ်(၆)လုံးအတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀,၀၀ဝ/-)၊ စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၈၀,၀၀ဝ/-))၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၆)ပုံး၊ ဘေးသင့် လူဦးရေ (၃၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၁,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာတွင် (၁၃-၃-၂၀၂၃)ရက်နေ့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အစိခဏရာမကျောင်းတိုက်အတွင်းရှိ RC(၁)ထပ်အဆောက်အဦ၏ ဘေးအကာကျောက်ပြားများ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀,၀၀ဝ/-) တိတိအား (၁၅-၃-၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023
-
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူအတွက် ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့နယ်၊ ပျဥ်းကတိုးကုန်းအုပ်စု၊ ပျဥ်းကတိုး ကုန်းကျေးရွာတွင် (၁၃-၃-၂၀၂၃) ရက်နေ့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်း ကျိုးကျပြီး လည်ပင်းသို့ရိုက်ခတ်သဖြင့် သတိလစ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀ဝ/-) ကျပ်အား (၁၅-၃-၂၀၂၃) ရက်နေ့တွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိ သူများနှင့်အတူ မိသားစု၀င်များလက်၀ယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ပုသိမ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_mar2023
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်ဆွေးနွေးပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီမှ (၁၀:၂၅) နာရီအချိန်အထိ မူးယစ်ဆေးဖြတ်ပြီးသူများ နောက်ဆက်တွဲ စောင့်ရှောက် နိုင်ရန် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်းမှ သင်တန်းသား (၂၀) ဦးတို့အား “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ygn_mar2023
-
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀) နာရီမှ (၁၁:၃၀)နာရီအထိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ ဆရာမများနှင့် ကျောင်းသူ (၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို သဘာဝအသိပညာများ ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ygn_mar2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









