ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်အထက်ကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ရေဘေး(ထပ်တိုး) အိမ်ထောင်စုများအတွက် ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၃)ရက်နေ့မှ (၉-၈-၂၀၂၃)ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်း၍ ဒုံသမိချောင်းရေ (၉)ပေခန့်မြှင့်တက်မှုကြောင့် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်အထက် ကျေးရွာတို့မှ ကယ်ဆယ်ရေးစခန်း (၃)ခုရှိ ထပ်တိုးအိမ်ထောင်စု (၃၇)စု၊ ကျား (၈၁)ဦး၊ မ (၈၃)ဦး၊ စုစုပေါင်းလူဦးရေ (၁၆၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၄၄,၄၀၀/-)အား (၁၁-၈-၂၀၂၃)ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ သွားရောက်ထုတ်ပေးထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2023 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေး ထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် (၈-၈-၂၀၂၃)ရက်နေ့၊ (၁၆း၅၅)အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၅,၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀,၉၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၅,၉၀ဝ/-)အား (၁၁-၈-၂၀၂၃)ရက်နေ့၊ (၁၁း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_aug2023 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၁၀-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၁၀-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀) ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ … Read more

  • ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အ.ထ.က (ဘဲဂရက်) ၌ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၃) ရက်​နေ့၌ ပုသိမ်ခရိုင်၊ ကန်ကြီး​ထောင့်မြို့၊ အ.ထ.က(ဘဲဂရက်)တွင် Grade(7)၊ Grade(8)၊ Grade(9)မှ ​ကျောင်းသား/သူ (၁၉၀)ဦးနှင့် ဆရာ/ဆရာမများအားဦးစီးဌာနမှ လုပ်ငန်း​ဆောင်ရွက်​နေမှုများ၊ ထောက်ပံ့​ပေးမှုများ၊ သဘာ၀​ဘေးနှင့်ပတ်သက်​သော ဆောင်ရန်/​ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအ​ကြောင်းနှင့် ခရိုင်ပတ်၀န်းကျင် ထိန်းသိမ်း​ရေးဦးစီးဌာနမှ ပလတ်စတစ်ညစ်ညမ်းမှုအ​ကြောင်း သိ​ကောင်းစရာများအား နံနက်(၁၃း၀၀) နာရီမှ (၁၅း၀၀)နာရီအထိ ​ဆွေး​နွေး​ဟော​ပြောခဲ့ပြီး လက်ကမ်းစာ​စောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug_2023 Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၉-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ

    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ (၉-၈-၂၀၂၃)နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်- မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ ပြင်ဆင်ပြီးဖြစ်၍ (၁၀၀%) ဆက်သွယ်ရရှိ ပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉)ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ ပျိုးပင်များ ထောက်ပံ့မှုအနေဖြင့် စစ်တွေသို့ ရောက်ရှိပြီး ပျိုးပင်ပေါင်း (၁၇၆,၄၀၂) ပင်နှင့် အုန်းပျိုးပင် (၇၁.၆၀) ဧကကို စိုက်ပျိုးပြီးစီးပြီးဖြစ်ပါသည်။ ရပ်ရွာသန့်ရှင်းရေးဆောင်ရွက်မှုအနေဖြင့် ရဲတပ်ဖွဲ့ဝင် … Read more

  • မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၂၃)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ လူမှုဝန်ထမ်းမူကြိုကျောင်း၌ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ဖွင်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား (၃) ရက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #tny_aug_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)