Latest News
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၂၃)ရက်နေ့(၂၁း၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်၌ မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)နှင့် လူဦးရေ(၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၅၂၁၀၀/-)အား (၁၈-၈-၂၀၂၃)ရက်နေ့(၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ #ha_fir #mon_aug_2023 Source: မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ယင်းမာလမ်းသွယ်၌ ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ယင်းမာလမ်းသွယ်၊ အိမ်အမှတ် (၂၁/ခ)တွင် (၁၇-၈-၂၀၂၃) ရက်နေ့၊ (၂၀း၂၂) နာရီ အချိန်ခန့်၌ ဘုရားမီးပူဇော်ရာမှ ဝါယာရှော့ဖြစ်၍ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် (အုတ်ညှပ် (၂) ထပ်၊ သွပ်မိုး) နေအိမ် (၁) လုံး (လုံးဝပျက်စီး)ခဲ့သည့် အိမ်ထောင်စု (၂) စုရှိ လူဦးရေ (၇) ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)၊ … Read more
-
လယ်ဝေးမြို့နယ်၊ ပိတောက်ချောင် (အ.လ.က) စာသင်ကျောင်းနှင့် အောင်းကုန်း (အ.ထ.က-ခွဲ) စာသင်ကျောင်းများတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၃)ရက်နေ့ (၁၀း၀၀)အချိန်မှ (၁၂း၀၀) အချိန်ထိ လယ်ဝေးမြို့နယ်၊ ပိတောက်ချောင် အ.လ.ကစာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၃၀)အချိန်မှ (၁၅း၃၀)အချိန်ထိ၊ အောင်းကုန်းအ.ထ.က(ခွဲ) စာသင်ကျောင်း တွင် ကျောင်းသား/ သူ(၁၀၀)ဦးစုစုပေါင်း ကျောင်းသား/သူ (၂၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ၊ … Read more
-
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၃) ရက်နေ့ မွန်းလွဲ (၁၃း၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လယ်ဝေးမြို့နယ်၊ ကြို့ပင် (အ.မ.က) စာသင်ကျောင်းနှင့် ကွေ့ကြီး (အ.မ.က) စာသင်ကျောင်းများတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၃) ရက်နေ့ ၊(၉း၃၀)အချိန်မှ (၁၁း၃၀) အချိန်ထိ လယ်ဝေးမြို့နယ်၊ ကြို့ပင် အ.မ.က စာသင်ကျောင်း၌ ကျောင်းသား/ သူ (၁၀၀)ဦး၊ (၁၃း၀၀)အချိန်မှ (၁၄း၃၀)အချိန်ထိ၊ ကွေ့ကြီး အ.မ.က စာသင်ကျောင်းတွင် ကျောင်းသား/ သူ(၆၆)ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၁၆၆)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်းကျေးရွာရှိ တောဆင်ရိုင်းဝင် ရောက်တိုက်ခိုက်မှုကြောင့် ဘေးသင့်ခဲ့သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇-၈-၂၀၂၃) ရက်နေ့ (၁၃:၀၀)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကွင်း ကျေးရွာရှိ တောဆင်ရိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် သေဆုံးသူ(၁)ဦးအတွက် သေဆုံး ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၁၈-၈-၂၀၂၃)ရက်နေ့(၁၂:၃၀)အချိန်နာရီတွင် ပြည်သူများ၏ လက်ဝယ် အရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #ygn_aug_2023 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









