Latest News
-
မီးဘေးထောက်ပံ့မှုသတင်း
(၂၅-၈-၂၀၂၃)ရက်နေ့ (၀၃:၅၅)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင်၊ လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မြိုင်လမ်းတွင် မီးလောင်မှုကြောင့် နေအိမ်(၂)လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၃) ဦး၊ မ(၇)ဦး၊ ပေါင်း(၁၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၂၁,၀၀ဝိ/-)၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၂၀)ခု၊ IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ (၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၂)တောင့်နှင့် တန်းဖိုးငွေ(၁၂၇၆၈၆/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၂)စုစာတို့အား လူမှုဝန်ထမ်း၊ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အဇတ်ဝကျေးရွာအုပ်စု၊ အဇတ်ဝကျေးရွာတွင် ၂၆-၈-၂၀၂၃ ရက်နေ့၊ (၁၇:၀၀) နာရီအချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာသနိကအဆောက်အဦ (၁) လုံး၊ (သွပ်မိုး/ ပျဉ်ထောင်) လူနေအိမ် (၂) လုံး၊ (သွပ်မိုး/ ပျဉ်ထောင်/ အုတ်ညှပ်) လူနေအိမ် (၁) လုံး၊ အုတ်ညှပ် (၁) ထပ် လူနေအိမ် (၁) လုံး၊ (ထရံကာ/ ဓနိမိုး) လူနေအိမ် (၁) … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် အနော်ရထာလမ်းထောင့်၌ မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ နေအိမ်၌ (၁၉-၈-၂၀၂၃) ရက်နေ့၊ (၁၂:၅၅)အချိန်ခန့်တွင် လျှပ်စစ်ဒယ်နီအိုး တည်ထားရာမှအပူလွန်ကဲ၍ အနီးရှိ နေအိမ်ပျဉ်ကာများသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းမှုကြောင့် နေအိမ်(၃)လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ ကျား(၇)ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၁၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၁,၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၃)စာတို့အား (၂၅-၈-၂၀၂၃)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၂၅-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေ
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)” ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ (၂၅-၈-၂၀၂၃) နေ့၊ (၁၈:၀၀) နာရီအချိန်ထိ အချက်အလက်များအရ တိုင်းဒေသကြီး / ပြည်နယ်အလိုက် ဆောင်ရွက်ခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်- ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများတင်ပို့မှုအနေဖြင့် ရန်ကုန်မှ စစ်တွေသို့ ချင်းတွင် (စစ်ရေယာဉ်) ဖြင့် (၀.၀၀၉၅) တန် တင်ပို့နိုင်ခဲ့ပါသည်။ မိုဘိုင်းဆက်သွယ်ရေးရရှိမှုအခြေအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များ (၁၀၀%) ပြင်ဆင်ပြီးဖြစ်၍ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ စိမ်းလန်းစိုပြေရေးစီမံချက်အရ သစ်ပင်စိုက်ပျိုးမှုအနေဖြင့် (၂၀၄,၂၀၀)ပင် စိုက်ပျိုးရန်လျာထားပြီး (၁၂၆,၂၆၉) ပင် စိုက်ပျိုးပြီးဖြစ်ပါသည်။ … Read more
-
လပွတ္တာမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၃)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ လပွတ္တာမြို့၊ အမှတ်(၇) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ဆရာမ (၃)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦးတို့အား သဘာဝဘးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ တောမီးအန္တရာယ်နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် စာရေးကိရိယာများ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2023 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ပန်းကံ့ကော်ရနံ့ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား/ သူ (၁၁၀)ဦးခန့်အား သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_ar #tny_aug_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









