ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၂၄) ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ငဝန်မြစ်ရေတက်မှုကြောင့် နှောကုန်း ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၆၀) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆,၀၀၀ိ/-) အား (၂၅-၇-၂၀၂၄) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_fld #ayy_Jul_2024 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၄) ရက်နေ့ (၀၇:၀၀) နာရီအချိန်၌ ဘီးလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်း (၁၃) ခုရှိ အိမ်ထောင်စု (၉၁၁)စုတို့မှ စုစုပေါင်း လူဦးရေ (၃,၆၂၆) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇,၆၁၄,၆၀ဝိ/-)ကျပ်အား (၂၇-၇-၂၀၂၄)ရက်နေ့ (၁၃ : ၀၀) နာရီအချိန်တွင် ဘီးလင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_Jul_2024 … Read more

  • မြောင်းမြမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်များ၌ သဘာဝဘေး အသိပညာပေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၉-၇-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်များ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #‌ayy_jul_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ရေဘေး(ထပ်တိုး) အိမ်‌ထောင်စုများအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၄) ရက်နေ့မှ(၂၈-၇-၂၀၂၄) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်း၍ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ဘီးလင်းမြို့နယ်၊ ကယ်ဆယ်ရေးစခန်း (၁၈) ခုရှိ ထပ်တိုးအိမ်ထောင်စု (၁,၂၉၉) စုတို့မှ ထပ်တိုးလူဦးရေ (၅,၁၈၆) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၀,၈၉၀,၆၀ဝိ/-)ကျပ်အား (၂၉-၇-၂၀၂၄)ရက်နေ့ (၁၄ : ၀၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_Jul_2024 Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more

  • ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ဘူတာရုံပိုင်းကျေးရွာနှင့် ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တို့တွင် လေဘေးထောက်ပံ့မှုသတင်းနှင့် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာနှင့် ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၄)စု၊ နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ လူဦးရေ (၁၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀ိ/-)၊ (၂၆-၇-၂၀၂၄)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာအုပ်စု၊ ဘူတာရုံပိုင်းကျေးရွာတွင်  လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၁)စု၊ နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)၊ လူဦးရေ (၂)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝိ/-)၊ (၂၆-၇-၂၀၂၄)ရက်နေ့၊ (၁၅း၀၀) … Read more

  • ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမြင့်သာယာ၊ သာယာအေး၊ ပေါက်တော၊ တံတားဦး၊ တောက်ထိန် ကျေးရွာများတွင် သဘာဝဘေးအသိပညာပေး ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၄ ) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်မှစ၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမြင့်သာယာ၊ သာယာအေး၊ ပေါက်တော၊ တံတားဦး၊ တောက်ထိန်ကျေးရွာများတွင် သဘာဝေဘးအန္တရာယ်များအနက် ယခုကာလတွင် ဖြစ်ပေါ်တတ်သည့် ရေဘေးအန္တရာယ်နှင့် မြေပြို/ ကမ်းပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #‌np_ jul_2024 Source: … Read more