ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ကုလားစုကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၇-၂၀၂၄)ရက်နေ့ (၁၆:၀၀) အချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ကုလားစုကျေးရွာ၌ သံလွင်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀,၀၀၀/-)နှင့် လူဦးရေ(၂၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀၀/-)၊ စုစုပေါင်း ကျပ်(၇၅၀,၄၀၀/-)အား (၁-၈-၂၀၂၄)ရက်နေ့ (၁၃:၀၀)အချိန်တွင် ပေါင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #‌mon_jul2024 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မြောင်းမြမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များ၌ ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၈-၇-၂၀၂၄)ရက်နေ့တွင် မြောင်းမြမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်များ၌ မိုးကြိုကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေဘေးနှင့် မြေပြိုဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန် / ရှောင်ရန်အချက်များအား ရပ်ကွက်၊ ကျေးရွာနေပြည်သူများ သိရှိစေရန်အတွက် လိုက်လံနှိုးဆော်အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #‌ayy_jul2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ရေကြီးခြင်းသတိပေးချက်

    ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၃.၅၃ ပေ (၁၀၂၂ စင်တီမီတာ)အောက် ပေဝက်ကျော်ခန့် (၂၀ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။

  • မွန်ပြည်နယ်၊သထုံမြို့နယ် ၊စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၇.၂၀၂၄)ရက်နေ့မှ (၃၁.၇.၂၀၂၄)ရက်​​နေ့ အထိ သထုံမြို့နယ် စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် မိုးများစွာရွာသွန်း၍ ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကင်း​အောင်ဓမ္မာရုံ၊ ရွာဦးဘုန်းကြီးကျောင်း၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ ထပ်တိုးအိမ်ထောင်စု (၄၂)စုတို့မှ (၁၈)နှစ်အထက် ကျား (၆၈)ဦး၊ မ (၆၆)ဦးနှင့် (၁၈)နှစ်အောက် ကျား (၁၇)ဦး၊ မ (၂၇)ဦး စုစုပေါင်း လူဦးရေ (၁၇၈)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၇၃,၈၀ဝိ/-)ကျပ်အား (၃၁.၇.၂၀၂၄)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ … Read more

  • ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာနှင့် နတ်ထမင်းကျေးရွာတို့၌ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတက်၍ မြစ်လက်တက်ဖြစ်သော မြစ်မခမြစ်အတွင်းသို့ ဝင်ရောက်ရေလျှံမှုနှင့် မိုးရွာသွန်းမှုတို့ကြောင့် ဖြစ်ပွားခဲ့သောရေဘေးတွင် (၂၆-၇-၂၀၂၄) ရက်နေ့၌ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချောင်းနက်ကျေးရွာနှင့် နတ်ထမင်းကျေးရွာတို့မှ အ.ထ.က(ခွဲ)ထန်းပင်ကုန်းကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွှေ့လာသော အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၇၈)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇၃,၈၀၀ိ/-)နှင့်  (၂၇-၇-၂၀၂၄) ရက်နေ့တွင် ဒီလှိုင်းဘုန်းတော်ကြီးကျောင်း ယာယီကယ်ဆယ်ရေးစခန်း နှင့် သဲကောဘုန်းတော်ကြီး ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၉၈)စု၊ လူဦးရေ(၄၀၂)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ … Read more

  • အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာနှင့် မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတို့၌ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်၌ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာနှင့် မှက္ကတန်ကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၁၈) ဦးတို့အတွက်  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝိ/-)၊  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၃၇,၈၀ဝိ/-)နှင့် (၈၄၈,၃၄၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၇)ပုံးတို့အား (၃၀-၇-၂၀၂၄) ရက်နေ့၊ … Read more