ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် (၁၄:၀၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၁၉.၆၉ ပေ (၆၀၀ စင်တီမီတာ)အောက် ၁ ပေခန့်  (၃၀ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၂ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄.၂၉ ပေ (၁၃၅၀ စင်တီမီတာ) အောက် (၃) ပေခွဲခန့် (၁၀၆ စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၃၆) နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ … Read more

  • နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာ (အ.ထ.က) ငန်းစပ် အခြေခံပညာအထက်တန်းကျောင်း၌ အသိ ပညာပေးဆောင်ရွက်မှုူသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၄)ရက်နေ့ (၁၀:၀၀)မှ(၁၂:၀၀)အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာ (အ.ထ.က)ငန်းစပ် အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာ  အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၂၅၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး မျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug_2024 Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၂၊ ၄) ရပ်ကွက်တို့၌ ဖြစ်ပွားသော မြေပြိုမှုအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၂-၈-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် အမှတ်(၂၊၄) ရပ်ကွက်တို့ရှိ ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဆုံးရှုံးခဲ့သည့် လူနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၄၀,၀၀၀/-)၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့ အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-)၊ စုစုပေါင်း (၁၇၉,၉၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စု စာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၈-၈-၂၀၂၄) ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_aug_2024 … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၂၈.၈၇ ပေ (၈၈၀ စင်တီမီတာ)အောက် ၂ပေခွဲခန့်  (၇၇ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။ Source : DMH

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၁၉.၆၉ ပေ (၆၀၀ စင်တီမီတာ) အောက် ပေဝက်ခန့်  (၁၇ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုထားပါသည်။ Source: DMH