ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ ရေဘေးကြောင့် မျောပါသေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၄) ရက်နေ့ ပြည်မြို့နယ်၊ နဝဒေးရပ်ကွက်၊ ကန်သုံးဆင့်ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေစီးနှင့်အတူမျောပါ သေဆုံးခဲ့သူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) အား (၂၇-၈-၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၂:၃၀) အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug_2024 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၂၄)ရက်‌နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး(တစ်စိတ်တစ်ပိုင်း)ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၃)ဦး၊ မ(၆)ဦး၊ စုစုပေါင်းလူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ်(၁၈,၉၀ဝ/)၊ အိမ်ခြေ(၂)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ်(၁၀၀,၀၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၈,၉၀ဝ/-)တို့အား (၂၀-၈-၂၀၂၄)ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #Otr #ygn_aug_2024  Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက် ဖျက်ဆီးမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၄)ရက်‌နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းအတွင်း တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ် (၂)လုံး(တစ်စိတ်တစ်ပိုင်း) ပျက်စီးခဲ့ပြီး၊ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ ကျား(၆)ဦး၊ မ(၅)ဦး၊ စုစုပေါင်းလူဦး ရေ(၁၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေကျပ်(၂၃,၁၀ဝိ/)၊ အိမ်ခြေ(၂)လုံး(တစ်စိတ်တစ်ပိုင်း)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂၃,၁၀ဝိ/-)တို့အား(၂၀-၈-၂၀၂၄)ရက်နေ့၊ (၁၃:၃၀)အချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #Otr #ygn_aug_2024 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ရေကြီးခြင်းသတိပေးချက် ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ် မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈.၅၄ ပေ (၈၇၀ စင်တီမီတာ) အောက် ၂ ပေခွဲခန့် (၇၀ စင်တီ မီတာ) တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း … Read more

  • ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၌ ဖြစ်ပွားသော ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၄)ရက်နေ့မှ (၂၁-၈-၂၀၂၄)ရက်နေ့အထိ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပြိုကျမှုကြောင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ် (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀)နှင့် လူဦးရေ (၇၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၅၇,၅၀၀/-)၊ စုစုပေါင်း(၂,၄၅၇,၅၀၀/-)အားလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၄)စုစာ၊ တန်ဖိုးငွေ (၁,၅၀၇,၄၉၂/-)အားလည်းကောင်း (၂၂-၈-၂၀၂၄)ရက်နေ့၊ (၁၅း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_aug_2024 Source:  ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ရေကြည်မြို့နယ်၊နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင်(၂.၈.၂၀၂၄)ရက်နေ့တွင်ဖြစ်ပွားသောရေဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)၊ အိမ်ထောင်စု(၁)စုမှ စုစုပေါင်းလူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၂၀၀/-)၊  ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)အိမ်ထောင်စာ(၁၀၇၆၇၈/-) နှင့်စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၀၄၂၀၀/-) အား(၂၀-၈-၂၀၂၄)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_aug_2024  Source:  ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)