ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် (၅) (Situation Report No. 5)

    (၂၀-၉-၂၀၂၄) ရက်နေ့ (၀၉:၀၀) နာရီအချက်အလက်အရ ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် (၅) ဖြစ်ပါသည်။

  • အထူးမိုးလေဝသတင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အထူးမိုးလေဝသတင်း ၁။  ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ၊ (၂၃-၉-၂၀၂၄) … Read more

  • ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ အလယ်ချောင်းအောက်ကျေးရွာအုပ်စု၊ အလယ်ချောင်း အောက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီး မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် (၁၁-၉-၂၀၂၄) ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် လိပ်သိုမြို့၊ အလယ်ချောင်းအောက်ကျေးရွာအုပ်စု၊ အလယ်ချောင်းအောက်ကျေးရွာ၌ ပြိုကျ ပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-)၊ စုစုပေါင်း (၁,၀၆,၃၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာ (တန်ဖိုးငွေ- ၁၀၄,၆၉၀/-)တို့အား (၂၀-၉-၂၀၂၄) ရက်နေ့၊ (၁၄း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အထူးမိုးလေဝသသတင်း ၁။        ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံ အရှေ့ပိုင်းဒေသများသို့ရောက်ရှိခဲ့ကာ၊ လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် အကြံပြုထားပါသည်။

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- အထူးမိုးလေဝသသတင်း (က)    ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ (SOULIK)” သည် အနောက်- အနောက်တောင် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Danang)၏ အနောက်မြောက်ဘက် ရေမိုင် ၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ … Read more