Latest News
-
ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် (၆) (Situation Report No. 6)
(၂၂-၉-၂၀၂၄) ရက်နေ့ (၀၇:၀၀) နာရီအချက်အလက်အရ ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ် (၆) ဖြစ်ပါသည်။
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- အထူးမိုးလေဝသသတင်း ၁။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၃-၉-၂၀၂၄) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ၂။ အဆိုပါ … Read more
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အထူးမိုးလေဝသသတင်း (က) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ဖြတ်ကျော်လျက်ရှိသော လေဖိအားနည်းဆဲလ်သည် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့သို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၂၃-၉-၂၀၂၄) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ (ခ) … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၄) ရက်နေ့တွင် မြောင်းမြမြို့ လူစည်ကားရာ လမ်းဆုံနေရာများ၌ မြောင်းမြမြို့နယ် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ရေဘေးနှင့်မုန်တိုင်း ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိစေရန်အတွက် ရေဘေးနှင့် မုန်တိုင်းဘေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_Sep_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဥ်းမနားမြို့နယ်ရှိ ဘေးသင့်လူဦးရေ (၃,၀၇၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၄၅၉,၆၀၀/-) အား (၁၇-၉-၂၀၂၄) ရက်နေ့တွင် နေပြည်တော်ကောင်စီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_Sep_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဥ်းမနားမြို့နယ်ရှိ ဘေးသင့်လူဦးရေ (၁,၉၅၅) ဦးအတွကိ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၁၀၅,၅၀၀/-) အား (၁၈-၉-၂၀၂၄) ရက်နေ့တွင် နေပြည်တော်ကောင်စီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_Sep_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)









