Latest News
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က)မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၄)ရက်နေ့ မနက် (၁၀:၀၀) မှ (၁၂:၀၀) အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့၊ မင်းကုန်းကျေးရွာ၊( အ.ထ.က) မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၀၀ )ဦး ခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအားအသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာ တို့အား ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_sep2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု၌ (၁၇-၉-၂၀၂၄)ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက်လာပြီး ကမ်းပြိုကျမှုကြောင့် လူနေအိမ်(၇)လုံး ရေစီးတွင် မျောပါပျက်စီးသွားခဲ့ပြီး လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့၍ အိမ်ထောင်စု(၈)စုမှ လူဦးရေ(၅၇)ဦး ဘေးသင့်ခဲ့ပါသဖြင့် လုံးဝပျက်စီးခဲ့သည့် လူနေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၀၀၀,၀၀ဝ/-)၊ လူဦးရေ(၅၇)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၁၉,၇၀ဝ/-)၊ စုစုပေါင်း(၁,၁၁၉,၇၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၈)စုစာအား (၂၀-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_sep_2024 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကျေးရွာ၌ (၁၆-၉-၂၀၂၄)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၄၁)ဦးဘေးသင့်ခဲ့ပါသဖြင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁,၈၀၀,၀၀ဝ/-)၊ လူဦးရေ(၄၁)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၈၆,၁၀ဝ/-)၊ စုစုပေါင်း(၁၈,၈၆,၁၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁၁)စုစာအား (၁၈-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_sep_2024 Source: ဘားအံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်အတွင်း (၁၄-၉-၂၀၂၄)ရက်နေ့တွင် စက်လှေတိမ်းမှောက်မှုကြောင့် ရေစီးနှင့်အတူ မျောပါ၍ မောင်ချစ်ဝေဦး(ဘ)ဦးဝေချမ်းချစ် အသက်(၂)နှစ် ကလေး(၁)ဦးသေဆုံးခဲ့ပါသဖြင့် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀၀/-)အား (၁၈-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_sep_2024 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ တွင် မြေပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄)ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် လူနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး မြေစာပိ၍ လူ(၄)ဦး သေဆုံးခဲ့ပါသဖြင့် ပြိုကျပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀ဝ/-)၊ သေဆုံး(၄)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၁,၂၀၀,၀၀ဝ/-)၊ စုစုပေါင်း(၁,၃၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၁)စုစာအား (၁၄-၉-၂၀၂၄)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #krn_sep_2024 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အထူးမိုးလေဝသသတင်း ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ၂။ အဆိုပါ လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့်လည်းကောင်း၊ … Read more









