Category Archives: News
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၅-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
(၅-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် တိုင်းဒေသကြီးလူမှု ဝန်ထမ်းဦးစီးဌာနမှူးရုံးတို့ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီး အရှေ့ရပ်ကွက်၊ ဆိပ်ကြီးအနောက်ရပ် ကွက်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ခနောင်တိုအနောက်ရပ်ကွက်၊ သခင်ဘသောင်းရပ်ကွက်၊ ဦးဘိုထွန်းရပ်ကွက်၊ ပန်းပင်ချောင်းရပ်ကွက်၊ ချောင်းပိုင်းလေးရပ်ကွက်များ တွင်၎င်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (င/ဆ/ဇ/ဈ/ည/ဌ/ဝေဘါဂီ) ရပ်ကွက်များ တွင်၎င်း၊ MyanmarNGONetworkCovid19ActionGroupမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ စက်မြေရပ်ကွက်၊ ကမာသွယ်ရပ်ကွက်၊ ကမာကဆစ် ရပ်ကွက်များတွင် အဖွဲ့ဝင်(၁၁)ဦးဖြင့်၎င်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူ များသည် (၅-၄-၂၀၂၀) ရက်နေ့တွင် မိုးမောက်မြို့နယ်ရှိ အလင်းကောင်ရပ်ကွက်နှင့် ကြံခင်းကျေးရွာ၊ နောင်ပေါင်းကျေးရွာ၊ လုံဂျာကျေးရွာ စုစုပေါင်းရပ်ကွက် (၁) ခု၊ ကျေးရွာ(၃) ရွာအတွင်းသို့လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအား hand speaker များဖြင့် လှည့်လည် ဟောပြောခြင်းနှင့် အသိပညာပေးစာစောင်ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှုးရုံး (ဘစမ) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၅-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ စမ်းကြီးရပ်ကွက်၊ ရခိုင် ကုန်း ရပ်ကွက်တို့တွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း————————
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၅ – ၄ -၂၀၂၀) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်၊ နောင်နွန်း စုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င် အထွက် ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေး စစ်ဆေး ခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့ ပေါ်ရပ်ကွက် (၅) နှင့် မိုင်းဇင်း ကျေးရွာအုပ်စု၊ … Read more
-
Covid-19နှင့်ပတ်သက်၍အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ဝမ်းသာအုပ်စု၊ ဟံဇားအုပ်စု၊ ကျောက်ဖရားအုပ်စု၊ သဲပုံအုပ်စုရှိ ကျေးရွာ (၁၁)ရွာအတွင်းရှိ ပြည်သူများအား Covid-19နှင့်ပတ်သက်၍ အသိပညာပေးဟောပြော ခဲ့ကြောင်း သိရှိရပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လင်းခေးမြို့နယ်၊ ဝမ်တိန် ကျေးရွာ၊နားလင်းကျေးရွာ၊ နမ့်တွန်ကျေးရွာများ၌ ယခုလတ်တလောဖြစ်ပေါ်နေသော ကူးစက် မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များမှတစ်ခုဖြစ်သော အသိပညာပေး ပန်ကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို (၅-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်း တွင် မြန်မာ၊ ရှမ်း (၂) ဘာသာဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာအုပ်စု၊ အောင်စိုင်းတောင်အရှေ့ကျေးရွာနှင့် ဒေးဗရိန်း ကျေးရွာအုပ်စု၊ သင်တောကျေးရွာ၊ ကမာပေါင်ကျေးရွာ၊ ကျောက်တန်းကျေးရွာများတို့တွင် COVID -19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့်အတူပူးပေါင်း၍ (၅-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မဲဇလီ ပုသိမ်စုကျေးရွာ အုပ်စုအတွင်း၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို Hand Speaker၊ Loud Speaker များဖြင့် ကျေးရွာများအတွင်းလှည့်လှည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ် လောက်ကိုင်စျေး (အပေါ်စျေး၊ အောက်စျေး) နှစ်နေရာတွင် (၀၈:၃၀) အချိန်မှ (၁၀:၃၀) အချိန်ထိ Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်း စာစောင် (မြန်မာ၊ ကိုးကန့်) ဘာသာတို့ဖြင့် ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020









