လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူ များသည် (၅-၄-၂၀၂၀) ရက်နေ့တွင် မိုးမောက်မြို့နယ်ရှိ အလင်းကောင်ရပ်ကွက်နှင့် ကြံခင်းကျေးရွာ၊ နောင်ပေါင်းကျေးရွာ၊ လုံဂျာကျေးရွာ စုစုပေါင်းရပ်ကွက် (၁) ခု၊ ကျေးရွာ(၃) ရွာအတွင်းသို့လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက် အသိပညာပေးမှုအား hand speaker များဖြင့် လှည့်လည် ဟောပြောခြင်းနှင့် အသိပညာပေးစာစောင်ကပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှုးရုံး (ဘစမ)
#ar
#kcn_apr2020