Category Archives: News
-
COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကန့်ဘလာကျေးရွာအုပ်စု၊ကန့်ဘလာကျေးရွာ၊ကပြိုကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြင့် လှည့်လည်၍အသိပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
(၄-၄-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာ၊ မော်သီဒိုကျေးရွာ၊ ဒေါခရော့ခူကျေးရွာ၊ ဟိုယာကျေးရွာအုပ်စု၊ ဟိုယာကျေးရွာ၊ ထေခိုကျေးရွာနှင့် ရာဧပရားကျေးရွာအုပ်စု၊ ရာဧပရားကျေးရွာရှိ မိဘပြည်သူများအား Covid-19 ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #kyh_apr2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်းတို့ ပူးပေါင်း၍(၅.၄.၂၀၂၀)ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ မိုးနတ်ကုန်းကျေးရွာ၊ တဇီးကောက်(ရှေ့၊ နောက်)ကျေးရွာနှင့် တလုပ်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာ၊ ဝက်သိုက်ကျေးရွာ၊ ကန်လှကျေးရွာ၊ နတ်ကန်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
Covid- 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများ သည် (၅-၄-၂၀၂၀)ရက်နေ့ နံနက် (၀၉:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ချောင်းမ ကြီးကျေးရွာအုပ်စုရှိ ချောင်းမ ကြီး(အရှေ့) ကျေးရွာ၊ ချောင်းမကြီး(အနောက်) ကျေးရွာ၊ မယ်ဇလီကွေ့ ကျေးရွာနှင့် တူရွင်းမျော ကျေးရွာတို့တွင် လှည့်လည်၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ လူငယ်ရေး ရာကော်မတီ၊ မြင့်မြတ် စေတနာပရဟိတအသင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့်အတူ ပူး ပေါင်းကာ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မကွေးမြို့နယ်၊ ဖိုလေးလုံးကျေးရွာအုပ်စု၊ ကျောင်းဆောင်ကျေးရွာတွင် (၅-၄-၂၀၂၀) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆၃၀၀)ကျပ်၊ စုစုပေါင်း(၁၀၆၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၅-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_apr2020
-
Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၄-၂၀၂၀)ရက်နေ့တွင် (၇ :၃၀) အချိန်မှ (၁၅:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ ရွာသာကျေးရွာ၊ အင်ချောင်ကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ အေးသာယာကျေးရွာ၊ ဝက်ချောင်းကလေးကျေးရွာ၊ နတ်ကြီးကျေးရွာ၊ ဝက်ချောင်းကြီးကျေးရွာ၊ နတ်ကောင်းစဉ်ကျေးရွာ၊ ပျဉ်တောကျေးရွာ၊ ချောင်းနားကျေးရွာ၊ နတ်ရဲတောင်ကျေးရွာ၊ ကံကြီးကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ စကားမြား (မ)ကျေးရွာ၊ စကားမြား(တ)ကျေးရွာ၊ ဇီးဖြူကျင်းကျေးရွာများအတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် Covid -19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ကျေးလက်ကျန်းမာရေးဆရာမ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၅-၄-၂၀၂၀) ရက်နေ့ (၁၅:၄၀) အချိန်တွင် မိုးကောင်းမြို့နယ်၊ကျွန်းပင်သာ ကျေးရွာနှင့် စံပါရီကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များ အသိပညာပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှ (၁၀:၃၀) အချိန်အထိ ပေါက်မြို့မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်တံခွန်၊ အောင်ချမ်းသာ၊ အောင်တော်မူ၊ ရွှေပေါက်ပင် ရပ်ကွက်များတွင်လှည့်လည်၍ covid 19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်\ရှောင်ရန်အချက်များအား အသိပညာပေးခြင်း ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၅-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀)အချိန်မှ (၁၅:၃၀) အချိန်ထိ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ တိန်းအင်ကျေးရွာ၊ လက်ပံသာကျေးရွာ၊ မှန်ပင်ကျေးရွာ၊ ကောင်းမှုကျေးရွာနှင့် ဖောင်ဆိုင်ကျေးရွာများတွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020









