Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ Video Conference ဖြင့် ပြုလုပ်သော စိတ်လူမှုပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်း Online သင်တန်းတွင် အမှာစကားပြောကြား
ဧပြီလ၊ ၅ ၊ ၂၀၂၀၊ နေပြည်တော် Coronavirus Disease 2019 (COVID-19)နှင့် ပတ်သက်၍ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီ စောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Community Based Facility Quarantine) နေရာများ၌ စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် စိတ်လူမှုပိုင်းဆိုင်ရာအထောက်အပံ့ပေးခြင်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ Online သင်တန်းကို ယနေ့နံနက်ပိုင်းက Video Conference ဖြင့်ဆောင်ရွက်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပန်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာ၊ ရွာလင်းကျေးရွာနှင့် မကြီးရင်းကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၂၀) ရက်နေ့၊ (၀၀:၂၅)နာရီအချိန်တွင် ညောင်ဦးမြို့၊ စပါးသင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀ဝ/-) အိမ်ဆောက်ပစ္စည်းဖိုး (၄၀,၀၀ဝ/-) စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၄၈,၄၀ဝ/-) နှင့် (၃၅,၀၈၁) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (လေးထောင့်ပလတ်စတစ်ပုံးနှင့် စက္ကူပုံးအပါ) (၁) … Read more
-
Covid-19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧပြီလ(၅) ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကွက်ငယ်အုပ်စု၊ ဝါးရုံအုပ်စု၊ ကုက္ကိုကုန်းအုပ်စု၊ လှည်းပွဲအုပ်စုရှိကျေးရွာ(၂၃)ရွာအတွင်းရှိ ပြည်သူများအား Covid 19နှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများ၊ Surgical mask များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းဖြတ်မြို့နယ်၊ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှစ၍ မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေကျေးရွာ၊ ဆွတ်ပလောင်းကျေးရွာနှင့် တာကျောက်ကျေးရွာများအတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်များအား မြန်မာဘာသာ၊ လားဟူဘာသာစကားတို့ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရှိရပါသည်။ #ar #shn_apr2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၆-၄-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ ပိတောက်ပင်ကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ တလပါးကျေးရွာနှင့် တွင်းလယ်ကျေးရွာတို့တွင် COVID-19 အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြတ်ပါရမီ ပရဟိတအသင်းတို့ ပူးပေါင်း၍ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီမှ(၁၁း၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ရေဆိုင်ကျေးရွာအုပ်စု၊ အပြင်ရေဆိုင်ကျေးရွာ၊ အတွင်းရေဆိုင်ကျေးရွာနှင့် ကျောက်ဖျာလေးကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် အသံချဲ့စက်ဖြစ်လှည့်လည် အသိပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကဒါကျေးရွာနှင့် ကမာမိုကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များ အား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
မိုးကောင်းမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၄၀) နာရီအချိန်ခန့်တွင် မိုးကောင်းမြို့၊ မြို့ဦးရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁) စု လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၁၀၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)အိမ်ထောင်စုစာအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၂၀၀၀) ကျပ်ကိုလည်းကောင်း (၅-၄-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more
-
Covid-19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၂၀) ရက်နေ့တွင် (၀၈း၀၀)နာရီမှ (၁၁း၃၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာနှင့် ကံလှကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လောစပီကာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









