လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၂၀) ရက်နေ့၊ (၀၀:၂၅)နာရီအချိန်တွင် ညောင်ဦးမြို့၊ စပါးသင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀ဝ/-) အိမ်ဆောက်ပစ္စည်းဖိုး (၄၀,၀၀ဝ/-) စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၄၈,၄၀ဝ/-) နှင့် (၃၅,၀၈၁) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (လေးထောင့်ပလတ်စတစ်ပုံးနှင့် စက္ကူပုံးအပါ) (၁) အိမ်ထောင်စာကို ယနေ့ (၁၁:၃၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_apr2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)