Category Archives: News
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့်အဖွဲ့များသည် မိုင်းဆတ်မြို့နယ်အတွင်း လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် ပန်ခေါက်ဝိုး Covid-19 စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အဝင်/အထွက် ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့ ပေါ်ရပ်ကွက်(၅)နှင့် နောင်ကုန်ကျေးရွာအုပ်စု၊ နောင်ကုန်စံပြကျေးရွာ၊ ကျိုင်းလိတ်ကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် COVID-19ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွား စေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၂၀) ရက်နေ့တွင် ဘာအံမြို့နယ်အတွင်းရှိ မုက္ကဒိကျေးရွာ ခဲတောက်ကျေးရွာ ကျုံပိုက်ကျေးရွာ ကူးဆိပ်ကျေးရွာ ရွာကြီးကျေးရွာနှင့်ရွာလေးကျေးရွာများသို့ COVID -19နှင့်ပတ်သက်သည့် အသိပညာပေးခြင်း များကို ကျေးရွာအုပ်ချုပ်ရးမှူးများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ခုံကျေးရွာ၊ အမ်ကူကျေးရွာနှင့် လွယ်ပယ်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင် ရေး ပြည်သူသို့ပန်ကြားချက် အသိပညာပေးမှုအား လက်ကိုင်စကားပြောစက်ဖြင့် လှည့်လည် ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဘောလခဲမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် နန်းဖဲကျေးရွာအုပ်စု၊ နန်းဖဲကျေးရွာ နှင့် ဘူးခူကျေးရွာအုပ်စု၊ ဘူးခူကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးရုံးမှတာဝန်ရှိသူများသည် (6-4-2020)ရက်ေန့ နံနက်(၇:၀၀) ခွဲမှ (၁၂:၃၀)အထိ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာ၊ အင်ဒိုင်းကြီး/ အင်ဒိုင်းလေး/ မော်လိုက်ကလေး(တောင်)/ မော်လိုက်ကေလး(မြောက်)/ နန်းဗဟိုရ်/ စခန်းကြီး/ နန်းဟံနွဲ့ကျေးရွာများသို့သွားခဲ့ပြီး COVID-19ကူးစက်ေရာဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ကနန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ကနန်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၁၀၀၀) ကျပ်တိတိတို့အား (၆-၄-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မဘိမ်းမြို့နယ်၊ မြို့မရပ်ကွက်၊ တိုက်ကုန်းရပ်ကွက်၊ ကုန်းခါးရပ်ကွက်၊နမ့်ပုံးပုံးရပ်ကွက် ကုန်းမခမ်ေကျးရွာနှင့် လဝါကျေးရွာတို့တွင် (၆-၄-၂၀၂၀) ရက်နေ့၊ (၇:၃၀) နာရီမှ (၁၄:၀၀) နာရီအထိ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာနှင့် ပုတီးကုန်းကျေးရွာသို့ covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)









