လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မဘိမ်းမြို့နယ်၊ မြို့မရပ်ကွက်၊ တိုက်ကုန်းရပ်ကွက်၊ ကုန်းခါးရပ်ကွက်၊နမ့်ပုံးပုံးရပ်ကွက် ကုန်းမခမ်ေကျးရွာနှင့် လဝါကျေးရွာတို့တွင် (၆-၄-၂၀၂၀) ရက်နေ့၊ (၇:၃၀) နာရီမှ (၁၄:၀၀) နာရီအထိ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)