လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် နန်းဖဲကျေးရွာအုပ်စု၊ နန်းဖဲကျေးရွာ နှင့် ဘူးခူကျေးရွာအုပ်စု၊ ဘူးခူကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်များအား အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။