Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ် ဦးစီးမှူးရုံးမှ(၇-၄-၂၀၂၀)နေ့တွင် ကောလင်းမြို့နယ် ၊ ကျောက်ပြင်သာအုပ်စု၊ ကျောက်ပြင်သာရွာ၊ မင်းကုန်းရွာ၊ သဲချောင်းရွာ ၊ ကချင်ကုန်းရွာတွင် covid-19နှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ခင်ဦး မြို့နယ်၊ ရွာစဉ်ကျေးရွာမှ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွား သောလူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၀,၅၀၀ိ/-) ကျပ် တို့အား (၈-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_mar2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ၊ တပ်ကုန်နှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်းဘီ၊ တပ်ကုန်းဂါလိလဲ၊ ဒူကထောင်နယ်မြေ-၄/၅/၁၄ ရှိ IDPs စခန်းများသို့ လူမှုရေးဝန်ကြီး၏ ဆန်ရိက္ခာထောက်ပံ့လှူဒါန်းရန် ခရီးစဉ်တွင်လိုက်ပါပြီး COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာနှင့် နန်းနောက်ကျေးရွာရှိ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များကို (၇.၄.၂၀၂၀) ရက်နေ့တွင် အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလှည့်လည်ဆော်ြသခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ (၆-၄-၂၀၂၀)တွင် ကောလင်းမြို့နယ်၊ တောင်ပို့လှအုပ်စု၊ တောင်ပို့လှရွာ၊ ဇီးဖြူကုန်းရွာ၊ လျှော်ဖြူကုန်းရွာ၊ အောက်ကျင်းရွာ၊ ပွဲခံရွာ၊ ဥဒိဿာရွာတွင် Covid-19နှင့်ပတ်သတ်၍ လှည့်လည်ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် (၀၄း၀၀) နာရီအချိန်မှ (၀၆း၀၀) နာရီအထိ မင်းတပ်မြို့နယ်အတွင်း ကျော့တော်ကျေးရွာတွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူများသို့ ဆောင်ရန်၊ ရှောင်ရန် အချက်များ အား ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_mar2020 Source: မင်းတပ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်တို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား Hand Speaker ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၊ သင်္ဘောဆိပ်ဆိပ်ကျေးရွာ၊ ဖလံရုံကျေးရွာ များသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ (၇-၄-၂၀၂၀) ရက်နေ့ (၁၃း၃၀) မှ (၁၇:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ မိုင်းနောင်ကျေးရွာ၊ ဟိန်စွန်းကျေးရွာ၊ လုံတုံကျေးရွာနှင့် စိန်နန်းကျေးရွာ၊ သာယာကုန်းကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များ လှည့်လည်အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အဝဘိတ် ကျေးရွာအုပ်စု၊ သာယာကုန်းကျေရွာ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်နှင်းထက်ထက်နိုင်၊ ဘက်စုံသားဖွားဆရာမ၊ ဆင်ကူးကြီး RHC ၊ သာယာကုန်း S/C မှ (၁-၄-၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ (၄)ဦး ဆွေးနွေးပွဲတွင် သာယာကုန်းကျေးရွာ၌ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြု ရန်အတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ သောက်သုံးရေ ရရှိ ရေးအတွက် … Read more









