လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ အဝဘိတ် ကျေးရွာအုပ်စု၊ သာယာကုန်းကျေရွာ၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်နှင်းထက်ထက်နိုင်၊ ဘက်စုံသားဖွားဆရာမ၊ ဆင်ကူးကြီး RHC ၊ သာယာကုန်း S/C မှ (၁-၄-၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ (၄)ဦး ဆွေးနွေးပွဲတွင် သာယာကုန်းကျေးရွာ၌ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြု ရန်အတွက် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ သောက်သုံးရေ ရရှိ ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်ပေးရန် ညွှန်ကြားလာခဲ့ပါသည်။ သို့ဖြစ်ပါ၍ သာယာကုန်းကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် အမြန်ဆုံးကွင်းဆင်းထောက်ပံ့ပေးရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးမှ ထပ်ဆင့်ညွှန်ကြားလာပါသဖြင့် ရေစုပ်စက် (၁)လုံး၊ ရေပိုက်ခွေ (၁)ခွေ၊ (၃၇၀၀) လီတာ ဆံ့ ရေလှောင်စည် (၁) စည်၊ (၂၀)လီတာဆံ့ ရေသန့်စင်ပုံး (၅)လုံး၊ ဆက်စပ်ပစ္စည်းများနှင့် (၈-၄-၂၀၂၀)ရက်နေ့မှ (၃၀-၄-၂၀၂၀) ရက်နေ့အထိ သောက်သုံးရေများ သယ်ယူရန်အတွက် စက်လှေဆီဖိုးငွေ (၂၅၀၀၀ဝ/-)တို့အား (၇-၈-၂၀၂၀) ရက်နေ့ ည (၇:၀၀) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဘက်စုံသားဖွားဆရာမ၊ ဒေါ်နန်းထက်ထက်နိုင်တို့ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)