လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၄-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ၊ တပ်ကုန်နှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်းဘီ၊ တပ်ကုန်းဂါလိလဲ၊ ဒူကထောင်နယ်မြေ-၄/၅/၁၄ ရှိ IDPs စခန်းများသို့ လူမှုရေးဝန်ကြီး၏ ဆန်ရိက္ခာထောက်ပံ့လှူဒါန်းရန် ခရီးစဉ်တွင်လိုက်ပါပြီး COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_apr2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)