Category Archives: News
-
စဉ့်ကူးမြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် စဉ့်ကူးမြို့နယ်အတွင်းရှိ မြို့မ(၁၊ ၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆)စု၊ ကျေးရွာ(၂၂)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးခြင်းလုပ်ငန်းအား အဖွဲ့ (၂) ဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရွှေကူမြို့နယ်၊ မံနားကျေးရွာ၊ စီသာကျေးရွာနှင့် မံဝိန်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ညောင်တုန်းမြို့နယ်၊ ပါလှဲ့အထက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ပါလှဲ့အထက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၁၀) ရွာ၌ COVID-19 ရောဂါ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများကို အသိပညာပေးခြင်းများ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာအုပ်စု၊ စိန်ဟိုင်းကျေးရွာ၌လည်းကောင်း၊ (၁၂:၀၀) နာရီအချိန်တွင် သူဌေးကုန်းကျေးရွာ၌လည်းကောင်း၊ (၁၄:၀၀) နာရီအချိန်တွင် ဝဲဒေါင့်ကျေးရွာ၌လည်းကောင်း၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် အတူ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာ၌ (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးဆုံးရုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးငွေကျပ်(၆၃၀ဝိ/-)၊ စုစုပေါင်း(၁၀၆၃၀ဝိ/-)တို့အား (၁၃-၄-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာ၊ ဘိုက္ကားကျေးရွာနှင့် လက်ပြကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် နားမားကျေးရွာ၊ ရေပူစမ်းကျေးရွာ၊ မားအီကျေးရွာ၊ ဘာထန်ကျေးရွာ၊ မြိုင်သာယာကျေးရွာနှင့် လွယ်ဆောင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ထားလဲကျေးရွာနှင့် ဒေါသဲကျေးရွာသို့ သောက်သုံးရေဂါလံ(၃၂၀၀)စီ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ အပ္ပလွိုင်ကြီးကျေးရွာ၊ အစင်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၄) ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









