လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာအုပ်စု၊ စိန်ဟိုင်းကျေးရွာ၌လည်းကောင်း၊ (၁၂:၀၀) နာရီအချိန်တွင် သူဌေးကုန်းကျေးရွာ၌လည်းကောင်း၊ (၁၄:၀၀) နာရီအချိန်တွင် ဝဲဒေါင့်ကျေးရွာ၌လည်းကောင်း၊ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့် အတူ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)