မအူပင်မြို့နယ်၊‌ ကျုံစုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊‌ ကျုံစုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၄) ရွာ၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ သိရှိလိုက်နာ‌ဆောင်ရွက်ရမည့် ဆောင်ရန် ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events