Category Archives: News
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် ရပ်ကွက်(၁၁)၊ လားရှိုးမြို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ ယာဉ်အ၀င်/အထွက်များတွင် စီးနှင်းလိုက်ပါသောခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ နောင်ကုန်ကျေးရွာအုပ်စု၊ နောင်ကုန်ကျေးရွာတို့၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၇:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို တပ်ကုန်းမြို့နယ်၊ ကျေးချောင်းကျေးရွာအုပ်စု၊သော်တာကျေးရွာ၊ကျောင်းကုန်းကျေးရွာ၊ထရံကာကျေးရွာ၊ကျေးချောင်း(မြောက်/တောင်)ကျေးရွာ၊မွန်းနံကုန်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_apr2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဟောပြောဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာမြို့နယ်၊ ဓမ္ဘီတိုက်နယ် (တောရှည်၊သဲဖြူ၊နွယ်ခွေ၊ထန်ကုန်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၄-၂၀၂၀)ရက်နေ့တွင် ရေကြည်မြို့နယ်၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင်(၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီအထိလည်းကောင်း၊ ကွင်းပေါက်ကျေးရွာတွင် (၁၂:၀၀) နာရီမှ (၁၄:၀၀)အထိလည်းကောင်း၊ ဖန်ခါးကုန်းကျေးရွာတွင် (၁၅:၀၀) နာရီမှ (၁၇:၀၀)နာရီအထိလည်းကောင်း လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 စက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အားအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ လှည့်လှည်နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု(သဖန်ချို၊ညောင်ပင်စု၊ဒေါင့်တဲ) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ ယာဉ်အ၀င်/အထွက်များတွင် စီးနှင်းလိုက်ပါသောခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ ၀ပ်ဆောင်ကျေးရွာအုပ်စု၊ လွိုင်ခိုက်ကျေးရွာနှင့် ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်တောင်ကျေးရွာတို့တွင် COVID – 19 ကူးစက် ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ ကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သမင်ကုန်း ကျေးရွာ၌ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊ ကျေးရွာရှိတာ၀န်ရှိသူများနှင့်အတူ (၁၉-၄-၂၀၂၀)ရက်နေ့၌ (၁၀:၃၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
(၁၇-၄-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ တက်ရှိုင်းကျေးရွာ အုပ်စု၊ တက်ရှိုင်းကျေးရွာ၊ တက်သိမ်းကျေးရွာတို့၌ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၅၆,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၇,၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၉၃,၈၀ဝ/-) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ ခုံကြီးကျေးရွာတွင်(၁၆.၄.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးကျပ် (၈၄၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၀၈၄၀၀ိ/-)တို့ကို (၁၈.၄.၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီချိန်တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)









