(၁၇-၄-၂၀၂၀)ရက်နေ့ (၁၆:၀၀)အချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ တက်ရှိုင်းကျေးရွာ အုပ်စု၊ တက်ရှိုင်းကျေးရွာ၊ တက်သိမ်းကျေးရွာတို့၌ တစ်စိတ်တစ်ပိုင်းအမိုးလန်ပျက်စီးနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၅၆,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၁၈) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၇,၈၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၉၃,၈၀ဝ/-) တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၈-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။
#ha_sgw
#npw_apr2020
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)