COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ ယာဉ်အ၀င်/အထွက်များတွင် စီးနှင်းလိုက်ပါသောခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့၊ ၀ပ်ဆောင်ကျေးရွာအုပ်စု၊ လွိုင်ခိုက်ကျေးရွာနှင့် ကတ်တောင်ကျေးရွာအုပ်စု၊ ကတ်တောင်ကျေးရွာတို့တွင် COVID – 19  ကူးစက် ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ ကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_apr2020

Source:           ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events