Category Archives: News
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်း နှင့် ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် သရက်ခရိုင်၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာ၊ မုံဇလီကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပျဉ်ထောင်ကျေးရွာ၊ မြွေပွေးကျေးရွာနှင့် မင်းတည်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၃း၀၀) နာရီအချိန်ထိလပွတ္တာမြို့နယ် ၊ ကန်ဘတ်ကျေးရွာအုပ်စု၊ ကန်ဘတ်ကျေးရွာ၊ ကန်သာယာကျေးရွာ၊ ပေါက်တူးကျေးရွာနှင့်စက်ကြီးစုကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ apr 2020
-
မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ သပြေကျွန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အလယ်ရေကျော်ကျေးရွာအုပ်စု၊ သပြေကျွန်းကျေးရွာ၌ (၁၉-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀) ကျပ်တိတိအား … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ် (၄) ရပ်ကွက်၌ (၂၀-၄-၂၀၂၀)ရက်နေ့ ၊ (၀၈:၄၃) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးအတွက် ကယ်ဆယ်ရေးပစွည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာနှင့် လုံးဝပျက်စီး သွပ်မိုး/ထရံကာ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-) ကျပ် ၊လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၄၂၀ဝိ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၄၂၀ဝိ/-)ကျပ်ကို (၂၀-၄-၂၀၂၀)ရက်နေ့ ၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ကုန်းကျးရွာ ၌ (၁၅-၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု များအတွက် အမိုးသွပ် (၁၄၀) ချပ်အား (၂၁-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ဒေသသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha-fir #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် / ရှောင်ရန်များအား အသိပညာပေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့ ၊နံနက် (၇:၃၀)နာရီအချိန်မှ စတင်ပြီး ဇလွန်မြို့နယ်၊ ဒေါင့်ကြီးတိုက်နယ်(ဒေါင့်ကြီး၊ အိုးဘိုမြောက်ပိုင်း၊ လက်ခုပ်တန်း၊ တာလေးတန်း၊ ကမ်းနားကွက် သစ်) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ IDPစခန်းများနှင့် ရခိုင်ပြည်နယ်ရှိ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထားရှိသည့် Facility Quarantine နေရာများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ဧပြီလ ၂၀ ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDPစခန်းများ နှင့် တိုက်ပွဲရှောင် စခန်းများတွင်နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၁၉-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ IDP စခန်းများဖြစ်ကြသော မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ လော်ဝေါ်အေဂျီနှင့် မူရင်းနှစ်ခြင်း IDP စခန်းသို့သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာ(၂) ခဲနှင့် Mask … Read more
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးခရိုင်ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၊ ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ကွမ်းလုံမြို့ ကုန်းညောင်အုပ်စု၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးကျောင်းတွင် ထားရှိသော Facility Quarantime ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြားခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_ apr 2020
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်ရှိ အမှတ် (၄) ရပ်ကွက်နှင့်် အနောက်ဘက် ကမ်းကျေးရွာတို့တွင် COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီမှနေ့လည်(၁၂:၀၀) နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့ခုဒုံကျေးရွာ၊ အစွန်းကျေးရွာ၊ လန်းဖား ကျေးရွာ ၊ ကော့ဆိုင်ကျေးရွာတို့တွင်လှည့်လည်ပြီး လတ်တလောနိုင်ငံတိုင်းတွင်ဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရေှာင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









