လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့ ၊နံနက် (၇:၃၀)နာရီအချိန်မှ စတင်ပြီး ဇလွန်မြို့နယ်၊ ဒေါင့်ကြီးတိုက်နယ်(ဒေါင့်ကြီး၊ အိုးဘိုမြောက်ပိုင်း၊ လက်ခုပ်တန်း၊ တာလေးတန်း၊ ကမ်းနားကွက် သစ်) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွားလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)