Category Archives: News
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂.၄.၂၀၂၀)ရက်နေ့၊ နံနက်(၈း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့ ကစပ်ကျေးရွာ၊ ရသေ့ကျေးရွာ ၊ ဓနုံးကျေးရွာတို့တွင် လတ်တလောဖြစ်ပွားလျှက်ရှိသော COVID-19ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၂၁-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၂၉,၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၉,၄၀၀ိ/-)အား (၂၂-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_apr2020 Source: မင်းဘူးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါမဖြစ်ပွားစေရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂. ၄.၂၀၂၀)ရက်နေ့ မနက်(၉:၃၀)အချိန်မှ နေ့လည် (၁၁:၃၀)အချိန်ထိ လိပ်သိုမြို့အတွင်းရှိ ကျေးရွာများဖြစ်သော သာမိုးတောင်ကျေးရွာနှင့် အလယ်ချောင်းကျေးရွာများသို့ COVID -(19) ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ (၁၀:၃၀)အချိန်ထိ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း Hand Speakerဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီမှ (၁၁:၀၀) နာရီအချိန်အထိ မကွေးခရိုင်၊ ချောက်မြို့နယ် အတွင်းရှိ သဘွတ်ကုန်းကျေးရွာနှင့် ကျွဲတပ်ကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေး ပန်ကြားချက် များကို လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြောင်ခေါင်းကြီးအုပ်စု၊ ပြောင်ခေါင်းကြီးကျေးရွာ၊ ပန်းတင်ကျေးရွာ၊ ကန်စွန်းအင်းကျေးရွာနှင့် သာယာကြီးကျေးရွာတို့၌ (၂၀-၄-၂၀၂၀) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲအိမ်ခြေ (၂) လုံး၊ အမိုးလန်အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၆၉) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄၄,၉၀ဝ/-) ကျပ်၊ ပြိုလဲအိမ်ခြေ(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၂)အိမ်ထောင်စုစာတို့ကို … Read more
-
Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာနှင့် နမီကျေးရွာတို့တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက် ရန်လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် လေပြင်းဘေးအသိပညာပေးလက်ကမ်းစာစောင်များကိုပါ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ် နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု/ ကျေးရွာများ၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁-၄-၂၀၂၀) ရက်နေ့တွင် တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းအောက်စုကျေးရွာနှင့်ကံကျိုးကျေးရွာ၊ ကွင်းကောက်တောင်ကျေး ရွာအုပ်စု၊ ကွင်းကောက်တောင်ကျေးရွာ၊ ဥယျာဥ်ရပ်ကျေးရွာ၊ စံပြကျေးရွာ၊ ရွာလေးကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာများ၊ ကွင်းကောက်မေကြင်အုပ်စု၊ ကွင်းကောက်မြောက်ကျေးရွာတို့အတွင်းရှိ ပြည်သူများအားCovid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက် အလက်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
IDP စခန်းများနှင့်တိုက်ပွဲရှောင်စခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးဆိုင်ရာအသိပေးနှိုးဆော်ချက်
နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၄) ရက်နေ့ ၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါကူးစက် ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရန်အတွက် ရေးဆွဲအတည်ပြုပြီးဖြစ်သည့်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ အဆိုပါစီမံချက်အရ သက်ဆိုင်ရာစခန်းများရှိ စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် စခန်းတွင် နေထိုင်သူများက အောက်ပါလုပ်ငန်းရပ်များကိုဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ ü စခန်းများတွင်တပ်ဆင်ပေးထားသော လက်ဆေးဘေစင်များတွင် ရေနှင့်ဆပ်ပြာကို အသုံးပြု၍ … Read more









