လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၂၁-၄-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု(၃)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀ိ/-)၊ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၂၉,၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၂၉,၄၀၀ိ/-)အား (၂၂-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_apr2020
Source: မင်းဘူးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)