Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားေရးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီမှ(၁၁း၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ သရက်ကုန်းလဲပျောက်ကျေးရွာ၊ ဖိုးငြိမ်းစုကျေးရွာ၊ ဖိုးမြက်စုကျေးရွာ၊ ကန်းပြိုကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာကြရန် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ ညောင်ကုန်းကျေးရွာ၊ မအူကုန်းကျေးရွာ၊ အင်ကြင်းတောင်ကျေးရွာတို့၌ (၂၅-၄-၂၀၂၀) နေ့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးကြေငြာခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကညင်ငူအုပ်စု၊ ကညင်ငူကျေးရွာတွင် (၂၃.၄.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၀၀၀၀၀)၊ ဆန်ရိက္ခာဖိုးကျပ် (၂၁၀၀)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၀၂၁၀၀) တို့ကို (၂၅.၄.၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr2020 Source: ဟင်္သာတခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄- ၄-၂၀၂၀) ရက်နေ့ ည (၂၀:၀၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ ရွာသစ်အုပ်စု(ရွာသစ်တောင်/မြောက်၊ အင်ဂပို၊ မကျီးကုန်း၊ တာဂွ)ရွာများနှင့် လယ်တီအုပ်စု၊ လယ်တီရွာ၊ မြဝတီရပ်ကွက်၊ ပျဉ်းမချောင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်/ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၃.၄.၂၀၂၀)နေ့တွင် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု (၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်း(၁၀၈၄၀၀)ကျပ်ကို (၂၄.၄.၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_apr2020 Source: ကသာခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ခါ့တန်ရပ်၌ (၂၁-၄-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးအိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၈,၄၀ဝိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀ဝိ/-)၊ တစိတ်တပိုင်းပျက်စီးအိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၆,၃၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၃၀,၀၀ဝိ/-)၊ စပါးကျီအနည်းငယ်မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု(၁)စု၊ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၂,၆၀ဝိ/-)၊ စုစုပေါင်းတန်ဖိုး(၂၅၆၃၀ဝိ/-)ကျပ်အား (၂၄-၄-၂၀၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_apr2020 Source: … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၁.၄.၂၀၂၀)နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကသာမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အမိုးလန်နေအိမ် (၉၄)လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်း ၊ ဗလီ (၁) ခု တို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၁၅၇၈၀၀) ကျပ်အား (၂၄.၄.၂၀၂၀) နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ကသာခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်တွင် (၂၂-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဖြတ်မြို့နယ် နမ့်ကုန်းအုပ်စု၊ ပါဆန်းကျေးရွာတွင် ပျဉ်ထောင်၊ သွပ်မိုးနေအိမ်(၁)လုံး အမိုးလှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ(၄)ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ပတ်စာ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀ဝိ/-) တို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာရှိသူများနှင့် အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၄ -၄-၂၀၂၀) ရက်နေ့တွင် မဲဇလီကုန်းမြို့ပေါ်ရှိ အမှတ်(၁) ရပ်ကွက်၊အမှတ်(၂) ရပ်ကွက်နှင့်အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်များအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်ရှောင်ရန်အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူမြို့နယ်ဉီးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာနှင့် အောင်ဘာအရှေ့ကျေးရွာ အတွင်းရှိ ပြည်သူများအား COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020 Source: ကော့သောင်းခရိုင်ဉီးစီးမှူးရုံး(ဘစမ)









