လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်တွင် (၂၂-၄-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဖြတ်မြို့နယ် နမ့်ကုန်းအုပ်စု၊ ပါဆန်းကျေးရွာတွင် ပျဉ်ထောင်၊ သွပ်မိုးနေအိမ်(၁)လုံး အမိုးလှန်ပျက်စီးဆုံးရှုံးခဲ့ပြီး လူဦးရေ(၄)ဦးဘေးသင့်ခဲ့ပါသည်။ အဆိုပါ‌ဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝိ/-)နှင့် ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ပတ်စာ (၈၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၈၄၀ဝိ/-) တို့ကို (၂၅-၄-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာရှိသူများနှင့် အတူ ‌ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#shn_apr2020

Source:           မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events