Category Archives: News
-
Covid-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၆:၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ကြောင်ရေအုပ်စု၊သာယာစုကျေးရွာ၊ သပြေတန်းကျေးရွာနှင့် သပြေပင်အုပ်စု၊ ငွေတောင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ခေတ်အေးကျေးရွာ၊ ညောင်မုတ်ဆိတ်ကျေးရွာ၊ တောင်သာကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_may2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
Covid-၁၉ ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂.၅ .၂၀၂၀)နေ့တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူ၊ ဝါးရုံကုန်း၊ ကံသာ၊ ပလိုင်း၊ တက်တူကျေးရွာတို့တွင် covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ရေတော်မူ၊ ဝါးရုံကုန်း၊ ပလိုင်း၊ တက်တူကျေးရွာတို့တွင် (၃၀.၄ .၂၀၂၀)နေ့ ( ၁၈: ၁၅)နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၂၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၂၆၂၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၁၀၀၀ဝိ/-)၊ စုစုပေါင်း(၁၂၇၂၅၀ဝိ/-)ကို (၂ . ၅. .၂၀၂၀)နေ့ ( ၁၅:၀၀ )နာရီတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့၊ မဘိမ်းမြို့နယ်၊ အထက်ရမ်းဘိုကျေးရွာ၊ အောက်ရမ်းဘိုကျေးရွာ၊ ခေါတောကျေးရွာ၊ ပွဲစားမိတ်ကျေးရွာနှင့် မိုးလုံးကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာအုပ်စု၊ မြောင်းသာကျေးရွာ မိုးကြိုဘေးကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာအုပ်စု၊ မြောင်းသာကျေးရွာ၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးပစ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၃)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၅၀၀၀၀ိ/-)တိတိအား (၂-၅-၂၀၂၀) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ထိခိုက်ဒဏ်ရာရရှိသူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂-၅-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ(၁၄:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ် ဝီယော်ကျေးရွာနှင့် မတ်ချကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 Source: သထုံရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စုအတွင်း COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ထိန်အင်းကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ၊ ကလန်စင်ကျေးရွာ၊ ယင်းအိုင်ကျေးရွာနှင့် ကုတင်ကြီးကျေးရွာများအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀)ရက်နေ့ (၈း၀၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ လွှတ်တိုက်ကျေးရွာ၊ မဒေါင်ကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ကုန်းကျေးရွာ၊ သံပုရာပင်စုကျေးရွာ၊ တကုန်းကျေးရွာနှင့် မြဘုံသာကျေးရွာများရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19နှင့်ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကန့်ဘလူရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကွတ်ခိုင်မြို့နယ် ကျေးရွာများအတွင်း COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာနှင့် လွယ်ကန်ကျေးရွာများ၌ COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာဘာသာနှင့်ကချင်ဘာသာစကားများဖြင့် အသိပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။ #ar #shn_may2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်းကျေးရွာအုပ်စု လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်းကျေးရွာအုပ်စု၊ တောင်လျောင်းကျေးရွာတို့၌ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်အိမ်ခြေ(၇)လုံး အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၅)ဦးတို့အတွက် အိမ်ဆောက်-ကျောင်းဆောက်ပစ္စည်းဖိုး (၄၈၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၂,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၃၂,၅၀ဝ)ကျပ်အား (၁-၅-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2020 Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









