Category Archives: News
-
လေပြင်းဘေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကျားကလေးလမ်းဆုံ၌ စိုက်ထူထားသော မီးဘေးဗီနိုင်းပိုစတာနေရာ၌ လေပြင်းဘေးဗီနိုင်းပိုစတာ အားပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #krn_may2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါနှင့် စပ်လျဉ်း၍ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ၊ မိုင်းနား RC၊ မဒိန်နှစ်ခြင်း၊ မိုင်းနား (ဖွင့်ဖြိုးရေးခြံ)၊ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မှုရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ လီဆူနှစ်ခြင်း IDPs စခန်းများသို့ အပူချိန်တိုင်းကိရိယာ (၂) ခု၊ လက်ဆေးစင် (၁၀)ခု၊ ဗွီနိုင်းပိုစတာ(၂)ခု၊ Hand Speaker(၈)ခု၊ Memory Stick(၈)ခု၊ အဝတ် Mask (၇,၆၁၀) ခုတို့အား သွားရောက်ပေးအပ်ခဲ့ပါကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၅-၂၀၂၀)ရက်နေ့ (၁၅း၀၀)အချိန်၌ မိုးညှင်းမြို့နယ်၊ ပင်လုံးကျေးရွာ၊ နန့်စီးအောင်ကျေးရွာနှင့် မြိုင်သာယာကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအားအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ပန်ကူကျေးရွာ၊ သြကာပကျေးရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ရှမ်းဘာသာ၊ ဗမာဘာသာဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၀၈း၀၀)နာရီအချိန်မှ၊ (၁၁း၃၀)နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ခေါင်းတုံကျေးရွာ၊ မဲကျေးရွာ၊ လယ်မကျေးရွာ၊ ပြစ်မကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအားထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ အရှေ့ရှားတောကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာတွင် (၇-၅-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂,၆၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာ တို့အား (၈-၅-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာ၊ ဇီးတောကြီးကျေးရွာ၊ ဇီးတောလေးကျေးရွာ၊ ပေါင်းကလေးကျေးရွာ၊ ဆင်ချည်တိုင်ကျေးရွာနှင့် ပေါင်းရင်းကုန်းကျေးရွာများအတွင်း Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လားရှိုးမြို့နယ် ရပ်ကွက်(၉)၊ နမ(၇)ဘူတာစျေး၊ လွယ်ကန်ကျေးရွာ၊ ခုန်စုန်ကျေးရွာနှင့် လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်ရသော နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးပန်ကြား ခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_may2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားဆန်ရိက္ခာထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ အလကခွဲ(၃) စာသင်ကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၅)စုမှ ကျား(၉)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၂၄)ဦးတို့အား ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၀,၄၀၀/-) ကျပ်တိတိအား သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #krn_may2020
-
သောက်သုံးရေလှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ခွေမြှုပ်ကျေးရွာအုပ်စု၊ ခွေးမြှုပ်ကျေးရွာရှိ အိမ်ခြေ (၂၅၂) လုံး၊ အိမ်ထောင်စု (၂၇၀)စု၊ လူဦးရေ(၁၀၇၆)ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၆၀၀)အား (၈-၅-၂၀၂၀)ရက်နေ့၊(၀၉:၃၀) အချိန်တွင် ၊ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်ကွန်ရက်၊လူငယ်လုပ်ငန်းအဖွဲ့တို့နှင့်ပူးပေါင်း၍ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









